Thursday, February 12, 2009

မေ့မေ့လျော့လျော့ Driver များ

Computer Hardware တိုင်းအလုပ်လုပ်ဖို့ သူကို Drive လုပ်ပေးမဲ့ software program လိုပါတယ်။
Hardware Component တစ်ခုချင်းအတွက် ၀ယ်ကတည်းက အဲဒီ program ထည့်ထားတဲ့ Driver CD တပါတည်းတွဲပါလေ့ရှိပါတယ်။
ကွန်ပျူတာ (used) ကို ပြန်ဝယ်တဲ့ အခါ Driver CD တွေပါ တပါတည်း တောင်းဆိုသင့်ပါတယ်။
Brand New ၀ယ်ရင်လည်း Component တစ်ခုချင်းအတွက် Driver CD ကို ပါအောင် ဂရုစိုက်သင့်ပါတယ်။
Computer တစ်လုံးအတွက်လိုအပ်တဲ့ Driver CD တွေကတော့ …
၁။ Motherboard CD
၂။ Graphic Card CD (onboard or built-in မဟုတ်ရင်)
၃။ Sound Card CD (onboard or built-in မဟုတ်ရင်။ multimedia (music) သမားမဟုတ်ရင်တော့ sound card ကို onboard ပဲ သုံးကြတာများပါတယ်။ ဒါဆို Motherboard CD ထဲမှာ သူ့အတွက် Driver ပါသွားပြီပေါ့)
၎။ Monitor Driver CD (သူ့အတွက်ကတော့ မလိုဘူးလို့ ပြောလို့ရပါတယ်။ အများစုက Monitor ဆိုရင် Default Monitor or Plug and Play Monitor အနေနဲ့ သုံးနေကြတာကို။ ဒါပေမယ့် Monitor ရဲ့ ဘယ်ဖက် အပေါ်ထောင့်၊ ဒါမှမဟုတ် ညာဖက် အောက်ထောင့် ၊ ဒါမှမဟုတ် Monitor Screen ပတ်လည် တစ်နေရာရာမှာ ရေးထားတဲ့ Monitor Series နံပါတ် (ဥပမာ - Philips 105E1, BenQ V551) အတိုင်း Driver မောင်းပေးလိုက်ရင် Resolution တွေ Refresh Rate တွေက အမှန်တကယ် Monitor က ပြပေးနိုင်တဲ့ value တွေပဲရလိမ့်မယ်။ Default Monitor or Plug and Play Monitor ဆိုရင် Monitor အလုပ်လုပ် မလုပ်နိုင်တဲ့ value တွေပါရှိနေလိမ့်မယ်။)
၅။ Network Card Driver CD (Network Adaptor Built-in မဟုတ်ခဲ့ရင်)
၆။ Printer Driver
ရ။ Scanner Driver
……….
အမှန်တကယ်ကတော့ နောက်တိုး Computer ဆက်စပ်ပစ္စည်းအားလုံးလဲ သူ့ Driver CD နဲ့သူ ပါလာရမှာပါ။
အပေါ်က list တွင် မကပါဘူး။

Driver (အထူးသဖြင့် sound card driver) နဲ့ ပတ်သက်ပြီး အတော်များများပြဿနာ တက်ကြပါတယ်။
PIII စက်တွေမှာ sound card built-in မဟုတ်ဘဲ expansion card တွေများပါတယ်။
PIII ဆိုတာကလည်း အခုအချိန်မှာ used တွေပဲဆိုတော့ ပြန်ဝယ်တဲ့အခါ driver CD ပါမလာတာများပါတယ်။
တောင်းရကောင်းမှန်း သိသင့်ပါတယ်။
တချို့ကတော့ harddisk ထဲမှာ driver files (backup or source) တွေ ထည့်ပေးလိုက် ကြပါတယ်။
ဒါလည်း သိထားသင့်ပါတယ်။
ဝယ်ခါစမှာ မသိသာပေမယ့်သုံးတာကြာလာ တော့ windows (virus ကြောင့် or microsoft windows ရဲ့ ထုံးစံအတိုင်း) ကကြောင်လာပြီး အသစ်ပြန်တင်ဖို့ လိုလာတဲ့အခါ driver ဆိုတဲ့ပြဿနာ စလာပါတော့တယ်။
(ကြုံတုန်း ကြားဖြတ်အနေနဲ့ driver နဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု ပြောပြချင်ပါတယ်။ မန္တလေးက ကျွန်တော့် ဆရာတစ်ယောက် ပြောပြတာပါ … သူ့ကိုယ်တွေ့ဖြစ်ပါတယ်။ တစ်နေ့ ဆရာဆီကို ပြင်ဖို့ System ပုံးတစ်ပုံး ရောက်လာပါတယ်။ ဘာဖြစ်တာလဲ မေးတော့ windows ပြန်တင်ဖို့ လိုအပ်လို့ driver (စက်အတွက်လိုအပ်တဲ့) ပါလားမေးတော့ … ကိုရွှေကိုတော် ဖြေလိုက်ပုံက … ” driver မပါဖူး ခင်ဗျ .. ကျွန်တော်ကိုယ်တိုင်ဆိုင်ကယ် မောင်းလာတာပါ ” )
driver တွေ backup လုပ်ဖို့ အတွက် software တွေ အများကြီး ရှိပါတယ်။
ကျွန်တော်သုံးဖူးတဲ့ software လေးတစ်ခု ဒီမှာ download ယူနိုင်ပါတယ်။
သူ့ထက် ပိုပြီး အဆင်ပြေတဲ့ software ရှိရင်လည်း ကျေးဇူးပြုပြီး လက်တို့ကြပါဦး ခင်ဗျာ။
ဒီ software လေးက install လုပ်ပြီးသား ဖိုင်တွေကို ဒီတိုင်း copy ကူးပြီး သုံးလို့ရတာနဲ့ဒီအတိုင်း upload တင်ပေးထားလိုက်ပါတယ်။
ကျွန်တော် ဆီမှာလဲ source မရှိဘူးဗျ။
ရှိရင်လည်း ပေးကြပါအုံးနော်။
ဒီ software လေးရဲ့ အသုံးပြုပုံကို တော့ မပြောတော့ဘူးနော်။ လွယ်လို့ပါ။ ပြောလိုက်မှ ပိုရှုပ်သွားမှာစိုးလို့။
help file လဲပါတယ်ဗျ။
Driver CD တွေရှိတဲ့ စက်အတွက်လဲ window အသစ် ပြန်တင်ပြီးရင် ဒါလေးသုံးတဲ့အတွက် motherboard, monitor, graphic, network, … driver CD တွေ တစ်ချပ်ပြီး တစ်ချပ် ထည့်နေစရာ မလိုတော့ဘူးပေါ့။
ဒီ software လေးနဲ့ မိမိ စက်ရဲ့ driver backup လုပ်ထားတဲ့ folder လေး ရှိရင်ကြောက်စရာ မလိုတော့ဘူး။
အဲဒီ driver backup folder ကိုတော့ backup ထပ်လုပ်ထားဦးဗျ။

သတိပြုရန် ။ ။ driver CD လုံးဝ မရှိသောစက်များအတွက် windows အသစ်ပြန်တင်ဖို့ လုပ်တိုင်း driver source file (or) backup folder ရှိရဲ့လားဆိုတာ အရင်စဉ်းစားပါ။

1 comment:

  1. ကျွန်တော်ဖတ်သွားပါတယ်
    ကျွန်တော်ဆီလဲလာဖို့ဖိတ်ခေါ်ပါတယ်
    www.saryargyi52.blogspot.com

    ReplyDelete