Thursday, February 12, 2009

၂၀၀၈ ကွန်ပျူတာဂျာနယ်များ

ဇန်န၀ါရီ

ဖေဖော်ဝါရီ

မတ်

ဧပြီ

မေ

ဇွန်

ဇူလိုင်

သြဂတ်

စက်တင်ဘာ

အောက်တိုဘာ

နိုဝင်ဘာ

ဒီဇင်ဘာ

တစ်နှစ်လုံးစာ ဇစ်ဖိုင်

ကွန်ပျူတာဂျာနယ်ထုတ် စာအုပ်များ

web design လက်တွေ့သင်ခန်းစာများ

ကွန်ပျူတာ အမေးအဖြေ

မြန်မာလို နည်းပညာ အီးဘွတ်များ

ဦးအောင်မြင့်
MatLab 2006
အပိုင်း (၁) အပိုင်း (၂) အပိုင်း (၃) အပိုင်း (၄) အပိုင်း (၅) အပိုင်း (၆) အပိုင်း (၇)
အပိုင်းအားလုံး ဒေါင်းလုတ်ပြီးမှ ဖွင့်လို့ရပါမယ်။
……………………………………………………………………………….
ဆရာဦးဇော်လင်း (Youth Computer)
ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ (Computer in Details)
ဒီမှာယူပါ
……………………………………………………………………………….
မျိုးသူရ (openeyes@mail4u.com.mm)
ကွန်ပျူတာတပ်ဆင် ပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ
ဒီမှာယူပါ
……………………………………………………………………………….
ဦးအေးကိုကို B.E. (Electronics) (FEB Computer Center)
အကောင်းဆုံး ကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ ပြုပြင်ခြင်း မှတ်တမ်းများ
ဒီမှာယူပါ
……………………………………………………………………………….
Robert Tin Aye
Applied AutoCAD (based on AutoCAD 2002)
ဒီမှာယူပါ
……………………………………………………………………………….
ဆရာဦးအောင်မြင့်
AutoCAD 2005
ဒီမှာယူပါ
……………………………………………………………………………….
SATURNGOD (MZ)
HTML မိတ်ဆက်
ဒီမှာယူပါ
……………………………………………………………………………….
LINUX OS (မြန်မာလို)
ဒီမှာယူပါ
……………………………………………………………………………….
Ubuntu Installation
ဒီမှာယူပါ
……………………………………………………………………………….
Zulu (kyawcross@gmail.com)
Basic Windows and Microsoft Word
ဒီမှာယူပါ
……………………………………………………………………………….
SATURNGOD (MZ)Making Blog
ဒီမှာယူပါ
……………………………………………………………………………….
admin@mmwordpress.comMaking Myanmar Wordpress Blog Handbook
ဒီမှာယူပါ
……………………………………………………………………………….
ကိုညီလင်းဆက်How to Make Myanmar Blog
ဒီမှာယူပါ
……………………………………………………………………………….
Google vs Microsoft နဲ့ ကျွန်တော်တို့
ဒီမှာယူပါ

မော်နီတာတွေ ခဲကြွနေရင်

Monitor တွေ (အထူးသဖြင့် အရင်တုန်းက Philips 15" ရော 17" ရော) Screen မှာ အပြည့်မပေါ်တာ၊ horizontal or vertical လိုင်းတစ်လိုင်းတည်းပေါ်တာ၊ ဘေးနှစ်ဖက်က စက်ဝိုင်းခြမ်းပုံအပိုင်းလေးတွေ ပျောက်နေတာတွေ အဖြစ်များတာ တွေ့ရပါတယ်။ဆိုင်မှာ သွားပြင်စရာ မလိုအပ်ဘူးလို့ ထင်ပါတယ်။ သင့်မှာ လုပ်ရဲကိုင်ရဲတဲ့ စိတ်ရှိဖို့တော့လိုပါတယ်။ Circuit ကို ခဲဆော်ဖူးတဲ့ အတွေ့အကြုံ ရှိရင်တော့ပိုကောင်းတာပေါ့။
ခဲဆော်တဲ့ Gun နဲ့ ခဲခွေ၊ ထင်းရှုးဆီဗူး တို့ လိုပါတယ်။ သင်္ဘောဆေးသုတ်တဲ့ Brush ကြီးကြီးတစ်ခုလဲ ရှိရင်ကောင်းတယ်ဗျ။ Monitor ဖွင့်ပြီးရင် အနှစ်နှစ် အလလ က ဖုန်တွေ ရှင်းရအောင်လို့။ အဲဒီလို ဖြစ်ရတာက monitor အပူကြောင့် အထဲက Circuit ခဲဆော်ထားတဲ့ လမ်းကြောင်းတွေ လွတ်နေတာပါ။ Monitor ကို save conditon ယူပြီး ဖွင့် Circuit အောက်က ခဲဆော်ထားတာတွေကို အသေးစိတ်လိုက်ကြည့်ပါ။ လွတ်နေတယ်ထင်ရင် ဘေးကလမ်းကြောင်းတွေနဲ့ မပူးသွားအောင် သပ်သပ်ရပ်ရပ် ခဲတို့ပါ။ အားလုံး ပြီးသွားပြီဆိုရင်တော့ ဖွင့်ထားတဲ့ မော်နီတာအဖုံးကို ပြန်ပိတ်ပြီး သုံးနိုင်ပါပြီခင်ဗျာ။

Amazing Technology

တစ်လောက သူငယ်ချင်းတစ်ယောက် အီးမေးလ်နဲ့ share လုပ်လိုက်တဲ့ Meta cafe က video file လေး တစ်ဖိုင်ပါ။ နောင်မကြာတော့မယ့် ကာလမှာ PC တွေကို ဘောလ်ပင်တွေက အစားထိုးတော့မယ် ဆိုပါလား။ အိပ်ထောင်ထဲက ဘောလ်ပင်က PC လား၊ တကယ့် ဘောလ်ပင်လား မေးရတော့မလို ဖြစ်တော့ မယ်ဗျာ။ ဒီ “Pen soft of instrument” လေးက ဘယ်လို Flat surfaceပေါ်မှာပဲဖြစ်ဖြစ် မော်နီတာရော၊ ကီးဘုတ်ပါ အလင်းနဲ့ ထုတ်ပေးနိုင်တယ်ဗျ။ Laptop တွေကို Good Bye လို့ ဘယ်သူပြောနိုင်မလဲ … ?
ဗီဒီယိုဖိုင်လေး ဒီမှာ ပါ။

မေ့မေ့လျော့လျော့ Driver များ

Computer Hardware တိုင်းအလုပ်လုပ်ဖို့ သူကို Drive လုပ်ပေးမဲ့ software program လိုပါတယ်။
Hardware Component တစ်ခုချင်းအတွက် ၀ယ်ကတည်းက အဲဒီ program ထည့်ထားတဲ့ Driver CD တပါတည်းတွဲပါလေ့ရှိပါတယ်။
ကွန်ပျူတာ (used) ကို ပြန်ဝယ်တဲ့ အခါ Driver CD တွေပါ တပါတည်း တောင်းဆိုသင့်ပါတယ်။
Brand New ၀ယ်ရင်လည်း Component တစ်ခုချင်းအတွက် Driver CD ကို ပါအောင် ဂရုစိုက်သင့်ပါတယ်။
Computer တစ်လုံးအတွက်လိုအပ်တဲ့ Driver CD တွေကတော့ …
၁။ Motherboard CD
၂။ Graphic Card CD (onboard or built-in မဟုတ်ရင်)
၃။ Sound Card CD (onboard or built-in မဟုတ်ရင်။ multimedia (music) သမားမဟုတ်ရင်တော့ sound card ကို onboard ပဲ သုံးကြတာများပါတယ်။ ဒါဆို Motherboard CD ထဲမှာ သူ့အတွက် Driver ပါသွားပြီပေါ့)
၎။ Monitor Driver CD (သူ့အတွက်ကတော့ မလိုဘူးလို့ ပြောလို့ရပါတယ်။ အများစုက Monitor ဆိုရင် Default Monitor or Plug and Play Monitor အနေနဲ့ သုံးနေကြတာကို။ ဒါပေမယ့် Monitor ရဲ့ ဘယ်ဖက် အပေါ်ထောင့်၊ ဒါမှမဟုတ် ညာဖက် အောက်ထောင့် ၊ ဒါမှမဟုတ် Monitor Screen ပတ်လည် တစ်နေရာရာမှာ ရေးထားတဲ့ Monitor Series နံပါတ် (ဥပမာ - Philips 105E1, BenQ V551) အတိုင်း Driver မောင်းပေးလိုက်ရင် Resolution တွေ Refresh Rate တွေက အမှန်တကယ် Monitor က ပြပေးနိုင်တဲ့ value တွေပဲရလိမ့်မယ်။ Default Monitor or Plug and Play Monitor ဆိုရင် Monitor အလုပ်လုပ် မလုပ်နိုင်တဲ့ value တွေပါရှိနေလိမ့်မယ်။)
၅။ Network Card Driver CD (Network Adaptor Built-in မဟုတ်ခဲ့ရင်)
၆။ Printer Driver
ရ။ Scanner Driver
……….
အမှန်တကယ်ကတော့ နောက်တိုး Computer ဆက်စပ်ပစ္စည်းအားလုံးလဲ သူ့ Driver CD နဲ့သူ ပါလာရမှာပါ။
အပေါ်က list တွင် မကပါဘူး။

Driver (အထူးသဖြင့် sound card driver) နဲ့ ပတ်သက်ပြီး အတော်များများပြဿနာ တက်ကြပါတယ်။
PIII စက်တွေမှာ sound card built-in မဟုတ်ဘဲ expansion card တွေများပါတယ်။
PIII ဆိုတာကလည်း အခုအချိန်မှာ used တွေပဲဆိုတော့ ပြန်ဝယ်တဲ့အခါ driver CD ပါမလာတာများပါတယ်။
တောင်းရကောင်းမှန်း သိသင့်ပါတယ်။
တချို့ကတော့ harddisk ထဲမှာ driver files (backup or source) တွေ ထည့်ပေးလိုက် ကြပါတယ်။
ဒါလည်း သိထားသင့်ပါတယ်။
ဝယ်ခါစမှာ မသိသာပေမယ့်သုံးတာကြာလာ တော့ windows (virus ကြောင့် or microsoft windows ရဲ့ ထုံးစံအတိုင်း) ကကြောင်လာပြီး အသစ်ပြန်တင်ဖို့ လိုလာတဲ့အခါ driver ဆိုတဲ့ပြဿနာ စလာပါတော့တယ်။
(ကြုံတုန်း ကြားဖြတ်အနေနဲ့ driver နဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု ပြောပြချင်ပါတယ်။ မန္တလေးက ကျွန်တော့် ဆရာတစ်ယောက် ပြောပြတာပါ … သူ့ကိုယ်တွေ့ဖြစ်ပါတယ်။ တစ်နေ့ ဆရာဆီကို ပြင်ဖို့ System ပုံးတစ်ပုံး ရောက်လာပါတယ်။ ဘာဖြစ်တာလဲ မေးတော့ windows ပြန်တင်ဖို့ လိုအပ်လို့ driver (စက်အတွက်လိုအပ်တဲ့) ပါလားမေးတော့ … ကိုရွှေကိုတော် ဖြေလိုက်ပုံက … ” driver မပါဖူး ခင်ဗျ .. ကျွန်တော်ကိုယ်တိုင်ဆိုင်ကယ် မောင်းလာတာပါ ” )
driver တွေ backup လုပ်ဖို့ အတွက် software တွေ အများကြီး ရှိပါတယ်။
ကျွန်တော်သုံးဖူးတဲ့ software လေးတစ်ခု ဒီမှာ download ယူနိုင်ပါတယ်။
သူ့ထက် ပိုပြီး အဆင်ပြေတဲ့ software ရှိရင်လည်း ကျေးဇူးပြုပြီး လက်တို့ကြပါဦး ခင်ဗျာ။
ဒီ software လေးက install လုပ်ပြီးသား ဖိုင်တွေကို ဒီတိုင်း copy ကူးပြီး သုံးလို့ရတာနဲ့ဒီအတိုင်း upload တင်ပေးထားလိုက်ပါတယ်။
ကျွန်တော် ဆီမှာလဲ source မရှိဘူးဗျ။
ရှိရင်လည်း ပေးကြပါအုံးနော်။
ဒီ software လေးရဲ့ အသုံးပြုပုံကို တော့ မပြောတော့ဘူးနော်။ လွယ်လို့ပါ။ ပြောလိုက်မှ ပိုရှုပ်သွားမှာစိုးလို့။
help file လဲပါတယ်ဗျ။
Driver CD တွေရှိတဲ့ စက်အတွက်လဲ window အသစ် ပြန်တင်ပြီးရင် ဒါလေးသုံးတဲ့အတွက် motherboard, monitor, graphic, network, … driver CD တွေ တစ်ချပ်ပြီး တစ်ချပ် ထည့်နေစရာ မလိုတော့ဘူးပေါ့။
ဒီ software လေးနဲ့ မိမိ စက်ရဲ့ driver backup လုပ်ထားတဲ့ folder လေး ရှိရင်ကြောက်စရာ မလိုတော့ဘူး။
အဲဒီ driver backup folder ကိုတော့ backup ထပ်လုပ်ထားဦးဗျ။

သတိပြုရန် ။ ။ driver CD လုံးဝ မရှိသောစက်များအတွက် windows အသစ်ပြန်တင်ဖို့ လုပ်တိုင်း driver source file (or) backup folder ရှိရဲ့လားဆိုတာ အရင်စဉ်းစားပါ။